၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့က Denko Trading Co.,Ltd မှ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ရုံးခန်းသို့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီထောက်ပံ့ပေးရေး ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (HEHRD) လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေ ကျပ်သိန်း (၃၀၀) အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ သွားရောက် လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။
