FAQs

Denko Smile Card

A :

DENKO Smile Card ဆိုတာ DENKO ဆီဆိုင်မှာ စက်သုံးဆီ အမြဲဝယ်ယူဖြည့်နေတဲ့ ငွေပမာဏအလိုက် ရရှိမည့် Point များအဖြစ် စုဆောင်းပေးသွားမယ့် မန်ဘာကတ် အမျိုးအစားဖြစ်ပါတယ်။ Point များဟာ သင့်အား ပြုံးပျော်ရွှင်မှုကို ဖော်ဆောင်သွားမှာပါ။ DENKO Smile Card ထဲကို ကြိုတင်ငွေ (ငွေသား) ငွေဖြည့်သွင်း အသုံးပြုနိုင်သလို လက်ငင်းငွေသားဖြင့် ပေးချေရာမှာလည်း Smile Card နဲ့ အတူ အသုံးပြုသဖြင့် Point များ ရရှိမှာ ဖြစ်ပါတယ်။

A :

DENKO ဆီဆိုင်တိုင်းမှာ Smile Card ကို အလွယ်တကူ ပြုလုပ် ရယူနိုင်ပါတယ်။

A :

DENKO Smile Card ပြုလုပ်ဖို့ အမည်၊ ဖုန်းနံပါတ်၊ မှတ်ပုံတင်နံပါတ်သာ လိုအပ်ပါတယ်။

A :

DENKO Smile Card ကို ဆီဖြည့်သည့်အခါတိုင်း ဆိုင်ဝန်ထမ်းအား ပြသပေးပြီး ပွိုင့်စုဆောင်း အသုံးပြုနိုင်ပါတယ်။ မြန်မာနိုင်ငံအတွင်းရှိ DENKO ဆီဆိုင်များမှာ ဆီဖြည့်သည့်အခါတိုင်း Smile Card အား ဆိုင်ဝန်ထမ်း ကို ပြသ ပေး၍ ဆီဝယ်ယူသည့်ပမာဏအလိုက် ကတ်အတွင်း Point များအဖြစ် စုဆောင်းပေးသွားမှာ ဖြစ်ပါတယ်။ ဆီ ၂၀၀ ကျပ်ဖိုးကို ၁ ပွိုင့် ရရှိမှာ ဖြစ်ပါတယ်။ (ဥပမာ-ဆီ ၂ သောင်းဖိုးဝယ်ယူလျှင် ပွိုင့် ၁၀၀ ရရှိမည်။)

A :

DENKO ဆီဆိုင်တိုင်းမှာ Smile Card နဲ့ ဆီဖြည့်သည့်အခါတိုင်း ပွိုင့်တွေ ရရှိပါတယ်။ Smile Card ထဲ ပွိုင့်တွေ ရရှိအောင် ဆီဖြည့်သည့်အခါတိုင်း Smile Card ကို ဆီမဖြည့်ခင် ဆိုင်ဝန်ထမ်းအား ပြသပေးရပါမည်။

A :

DENKO ဆီဆိုင်တိုင်းမှာ Smile Card ထဲက ပွိုင့်အရေအတွက် ဘယ်လောက်ရှိနေပြီလဲ စစ်ကြည့်နိုင်ပါတယ်။ (သို့မဟုတ်) Denko Rewards App ကို ဝင်ရောက်ပြီး ဖုန်းထဲမှာတင် App ကနေ ပွိုင့်အရေအတွက် စစ်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

A :

DENKO ဆီဆိုင်များမှာ Smile Card နဲ့ ဆီဖြည့်တိုင်း ရရှိထားတဲ့ပွိုင့်တွေ များလာရင် ပွိုင့်နဲ့ ဆီပြန်ဖြည့်နိုင်ပါတယ် (သို့မဟုတ်) ပွိုင့်နဲ့ မီနီမတ် ဆိုင်မှ ပစ္စည်းများနဲ့ လဲလှယ်ရယူနိုင်ပါတယ်။

A :

DENKO ဆီဆိုင်တိုင်းမှာ အမြဲတမ်း Smile Card နဲ့ ဆီဖြည့်သည့်အခါတိုင်း ပွိုင့်တွေ ရရှိပါတယ်။ ပွိုင့်တွေများလာရင် ပွိုင့်နဲ့ ဆီပြန်ဖြည့်နိုင်ပါတယ် (သို့မဟုတ်) ပွိုင့်နဲ့ မီနီမတ် ဆိုင်က ပစ္စည်းများနဲ့ လဲလှယ်ရယူနိုင်ပါတယ်။ အခါအားလျှော်စွာ ပြုလုပ်သည့် DENKO မှ Promotions တိုင်းကို ပါဝင်ခံစားခွင့်ရရှိပါမည်။

A :

Smile Card ထဲက ပွိုင့်တွေကို ရရှိသည့်နေ့မှစ၍ တစ်နှစ် (1 year) သတ်တမ်း သတ်မှတ်ထားရှိမည် ဖြစ်ပါသည်။ မိမိတို့ ကြိုက်နှစ်သက်သည့် ပွိုင့်အရေအတွက် အထိ ရောက်အောင် နေစဉ်ဆီဖြည့်ရင်း ပွိုင့် စုဆောင်းနိုင်ပါတယ်။

A :

Smile Card အတွင်းမှ ပွိုင့်တွေကို ငွေသားအဖြစ် ထုတ်ယူနိုင်မည် မဟုတ်ပါ။ ထုတ်ပေးမည် မဟုတ်ပါ။

A :

DENKO Smile Card ထဲကို ကြိုက်နှစ်သက်ရာ ငွေပမာဏ ကြိုတင်ငွေဖြည့်သွင်း အသုံးပြုနိုင်ပါတယ်။ ကြိုတင်ငွေဖြည့်သွင်းထားသော ကတ်နဲ့ နေ့စဉ် ဆီဖြည့်တိုင်း အသုံးပြုနိုင်ပါတယ်။ ကြိုတင်ငွေဖြည့်ခြင်းကို DENKO ဆီဆိုင်တိုင်းမှာ အချိန်မရွေး ဆောင်ရွက်နိုင်ပါတယ်။

A :

DENKO ဆီဆိုင်တိုင်းမှာ Smile Card ထဲကို ကြိုတင်ငွေဖြည့်သွင်းခြင်းလုပ်ငန်းဆောင်ရွက်နိုင်ပါတယ်။ အခါအားလျှော်စွာ DENKO မှ ပြုလုပ်သော ကြိုတင်ငွေ သတ်မှတ်ပမာဏဖြည့်သွင်းခြင်းအတွက် အထူး Promotion လက်ဆောင်ပစ္စည်းများကို ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။

A :

Smile Card ထဲကို ကြိုတင်ငွေဖြည့်သွင်းတာနဲ့ ပွိုင့်မရရှိပါ။ ကြိုတင်ငွေ ဖြည့်ထားတဲ့ Smile Card နဲ့ ဆီဖြည့်မှ ဆီဖြည့်ပမာဏအလိုက် ပွိုင့်များ ရရှိမှာ ဖြစ်ပါတယ်။

A :

DENKO ဆီဆိုင်တိုင်းမှာ ကြိုတင်ငွေဖြည့်သွင်းထားတဲ့ Smile Card နဲ့ ဆီဖြည့်မည်အကြောင်း ဆီမဖြည့်ခင် ဆိုင်ဝန်ထမ်းအား ကတ်ပေး၍ အသိပေး ပြောကြားရပါမည်။ သို့မှသာ ဆီဝယ်ယူသည့် ငွေပမာဏအား ကတ်ထဲကနေ ဖြတ်တောက်သွားမှာ ဖြစ်ပါတယ်။

A :

Smile Card ထဲကို ကြိုတင်ငွေဖြည့်သွင်းထားပါက ဆီဖြည့်ရန်အတွက် ငွေ ဟုသတ်မှတ်ပါမည်။ ကြိုတင်ငွေဖြည့်ထားသော Smile Card ဖြင့် ဆီဖြည့်အသုံးပြုနိုင်မည်ဖြစ်ပြီး ငွေသား ပြန်လည်ထုတ်ပေးမည် မဟုတ်ပါ။

A :

DENKO Smile Card ပျောက်ဆုံးသွားရင် Call Center Hotline ဖုန်းနံပါတ် (01- 8610612)ကို ချက်ချင်းအကြောင်းကြားပေးရပါမည်။ ကတ်အသုံးပြုမှု ပိတ်ထားပေးရပါမည်။ (ကတ်အသုံးပြုမှု မပိတ်ထားပါက ကတ်အတွင်းရှိ ပွိုင့် နှင့် ကြိုတင်ငွေ မှ လက်ကျန်ငွေများအား ကတ်ကောက်တွေ့သူက အသုံးပြုမှုများ ပေါ်ပေါက်ပါက Denko မှတာဝန်ယူမည်မဟုတ်ပါ။) အစားထိုးကတ် ကို ဆိုင်တိုင်း ပြန်လည်လျှောက်ထားနိုင်ပါတယ်။

A :

Smile Card ထဲက ပွိုင့်တွေ (သို့မဟုတ်) ကြိုတင်ငွေက လက်ကျန်ငွေ တွေ အားလုံး ပြန်ရအောင် အစားထိုးကတ် ကို ဆိုင်တိုင်းမှာ လျှောက်ထားနိုင်ပါတယ်။ အစားထိုးကတ်လျှောက်ထားမှုအတွက် ကတ်တန်ဖိုး (သတ်မှတ်ကာလတန်ဖိုး) ပေးဆောင်ရမှာဖြစ်ပြီး မှတ်ပုံတင်မိတ္တူ နဲ့ အတူ လျှောက်ထားနိုင်ပါတယ်။ ကတ်ပြန်လည်ရရှိအောင် ဆောင်ရွက်ရမည့် အချိန် (၁ ) ပတ်ကြာနိုင်ပါတယ်။

A :

Smile Card ထဲက လက်ကျန်ငွေ ဘယ်လောက်ရှိသေးလဲဆိုတာကို ဆိုင်တိုင်းမှာ ကတ် ပြသပေးပြီး စစ်ကြည့်နိုင်ပါတယ်။ Denko Rewards App ကို ဒေါင်းပြီး ဝင်ရောက်ကာ အလွယ်တကူ ဖုန်းလေးထဲကနေ စစ်ကြည့်လို့ ရမှာပါ။

Smile Fleet Card

Application

General