Denko 10 years celebration Lucky Draw Program 2020

Denko Trading ၏ 10 နှစ်ပြည့်အထိမ်းအမှတ် အနေဖြင့် DENKO ဆီဆိုင်များတွင် Smile Card နဲ့အတူ ကျပ် ၁၀၀၀၀ ဖိုးဝယ်ယူသူတိုင်းကို Lucky Draw Coupon တစ်စောင် ရရှိမှာ ဖြစ်ပါတယ်။ Lucky Draw အစီအစဉ်ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၆ မှ စတင်မှာဖြစ်ပါတယ်။ ကံထူးရှင်ရွေးချယ်ပွဲကို ၂၀၂၀ ခုနှစ် ဇူလိုင်လ မှာ (ပထမအကြိမ်) နှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မှာ (ဒုတိယအကြိမ်) နှစ်ကြိမ်ခွဲပြီး ကံစမ်းမဲဖွင့်လှစ် ကြေညာပေးသွားမှာ ဖြစ်ပါတယ်။

DENKO ၏ 10 နှစ်ပြည့်အထိမ်းအမှတ် အထူး ကံစမ်းမဲအစီအစဉ် မှာ ပါဝင်တဲ့ ဆုလက်ဆောင်တွေကတော့

Grand Prize အနေဖြင့်

  • BMW 1 Series ကားအသစ်(၂) စီး
  • BMW 2 Series ကားအသစ်(၂) စီး
  • BMW 3 Series ကားအသစ်(၂) စီး တို့ အပြင်
  • Nissan Sunny ကားအသစ် အစီး(၁၅၀)

တို့ကို မှန်မှန်ကန်ကန် ပွင့်လင်းမြင်သာစွာ ဝယ်ယူအားပေးသူ Customers များကိုယ်တိုင် ပါဝင် ရွေးချယ် ကံစမ်းမဲဖေါက်ပေးသွားမှာ ဖြစ်ပါတယ်။

* သတိပေးချက် *

“DENKO ဆီဆိုင်များတွင် Smile Card နဲ့အတူ ကျပ် ၁၀၀၀၀ ဖိုးဝယ်ယူတိုင်း Lucky Draw Coupon တစ်စောင် ရယူဖို့ (လုံးဝ) လုံးဝ မမေ့ပါနဲ့နော်။”
“ကံစမ်းမဲအစီအစဉ်မှ ဆုလက်ဆောင် ကံထူးသူများသည် ကံထူးသွားသည့် ကံစမ်းမဲလက်မှတ် အား အကောင်းပကတိအတိုင်း ပြသနိုင်မှ ဆုလက်ဆောင် ရရှိပါမည်။”

“ DENKO ၏ 10 နှစ်ပြည့်အထိမ်းအမှတ် အထူး ကံစမ်းမဲအစီအစဉ်မှ ကံထူးရှင်ရွေးချယ်ပွဲ ”

ဆုလက်ဆောင်များ ကံထူးရှင်ရွေးချယ်ပွဲကို

  • ၂၀၂၀ ခုနှစ် ဇူလိုင်လ မှာ (ပထမအကြိမ်)
  • ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မှာ (ဒုတိယအကြိမ်)

နှစ်ကြိမ်ခွဲပြီး ကံစမ်းမဲ ဖွင့်လှစ် ကြေငြာပေးသွားမှာ ဖြစ်ပါတယ်။

* DENKO ၏ 10 နှစ်ပြည့်အထိမ်းအမှတ် အထူး ကံစမ်းမဲအစီအစဉ်၏ စည်းကမ်းချက်များ *

  1. Denko Trading မှ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော DENKO ဆီဆိုင်များမှာ Smile Card နဲ့ ကျပ် ၁၀၀၀၀ ဖိုးဆီဖြည့်ပြီးတိုင်း ကံစမ်းမဲကူပွန်လက်မှတ် (၁) စောင် ရရှိမှာ ဖြစ်ပါတယ်။ ဆိုင်လိပ်စာ တည်နေရာများကို (www.denkomyanmar.com/Stations) မှာ အလွယ်တကူ ကြည့်နိုင်ပါတယ်။
  2. DENKO Smile Card နဲ့ ကျပ် ၁ သောင်းဖိုး ဆီဖြည့်သူများ ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ခွင့်ရရှိပါမည်။ DENKO Smile Card ကို ဆိုင်တိုင်းတွင် “အခမဲ့” အလွယ်တကူ ပြုလုပ်၍ ပါဝင်ကံစမ်းနိုင်ပါမည်။
  3. DENKO Smile Card ထဲကို ကြိုတင်ငွေ ဖြည့်သွင်း၍ ကံစမ်းမဲအစီအစဉ်တွင် ပါဝင်နိုင်မည်။ (ဆိုင်ကယ်စီး Customers များ Smile Card ထဲကို ကျပ် ၁ သောင်းကြိုတင်ငွေဖြည့်သွင်းပြီး ကံစမ်းမဲလက်မှတ် ၁ စောင်ရယူနိုင်ပါသည်။)
  4. ကံစမ်းမဲအစီအစဉ်မှ ဆုလက်ဆောင်များ ကံထူးခဲ့ရင် ဆက်သွယ်နိုင်ရန်အတွက် မိမိတို့၏ Smile Card နံပါတ်များနှင့်အတူ အမည်၊ ဖုန်းနံပါတ် တို့ကို ဆိုင်ဝန်ထမ်းများအား ပြောကြားပေးရပါမည်။
  5. Denko Trading ၏ ၁၀ နှစ်ပြည့်အထူးကံစမ်းမဲအစီအစဉ်ကို DENKO ဆီဆိုင်များမှာ Smile Card နဲ့ လက်ငင်းငွေသားဖြင့် ဝယ်ယူသူများ အပြင် Smile Card ထဲကိုကြိုတင်ငွေ ဖြည့်သွင်းသူများအားလုံး ပါဝင်အကျုံးဝင်ပါမည်။
  6. Corporate ကုမ္ပဏီအချင်းချင်း ချိတ်ဆက်၍ ကုမ္ပဏီကားများ ဆီဖြည့်ပေးခြင်း နှင့် ဆီလက္ကား ဝယ်ယူအားပေးသူများအား လုံးဝ (လုံးဝ) ပါဝင် ကံစမ်းခွင့်ရှိမည်မဟုတ်ပါ။
  7. Denko Trading ကုမ္ပဏီ နှင့် ညီနောင်ကုမ္ပဏီများမှ ကုမ္ပဏီပိုင်ယာဉ်များ အားလုံး လုံးဝ (လုံးဝ) ပါဝင်ကံစမ်းခွင့် ရှိမည်မဟုတ်ပါ။
  8. Denko Trading ၏ ၁၀ နှစ်ပြည့်အထိမ်းအမှတ် အထူးကံစမ်းမဲအစီအစဉ်ကို ပါဝင်ကံစမ်းသူများအားလုံး ကံစမ်းမဲလက်မှတ်များကို စနစ်တကျ သိမ်းဆည်းထားရပါမည်။ ကံထူးခဲ့ရင် ကံထူးသွားတဲ့ ကံစမ်းမဲလက်မှတ် ပြသနိုင်မှ ဆုလက်ဆောင် ရရှိမှာဖြစ်ပါတယ်။ (စုပ်ပြဲနေသော ကံစမ်းမဲကူပွန်လက်မှတ်များ နှင့် ရေစိုစုတ်ပြတ် တုန့်လိမ်နေသော ကံစမ်းမဲကူပွန်စာရွက်များ အား ကုမ္ပဏီမှ အသိအမှတ် မပြုနိုင်လောက်သည့် ကံစမ်းမဲလက်မှတ်များကို လက်ခံမည်မဟုတ်ပါ။) (ကံစမ်းမဲ ကူပွန်လက်မှတ်များကို အတုအပပြုလုပ်ထားသည်ကို တွေ့ရှိပါက ဥပဒေအရ အရေးယူခြင်း ခံရပါမည်။)
  9. Denko Trading ၏ ၁၀ နှစ်ပြည့်အထိမ်းအမှတ် အထူးကံစမ်းမဲအစီအစဉ်မှ ကံထူးသူများသည် ကံထူးသည့်အကြောင်း ကြားသိပြီးလျင် မိမိတို့ ၏ Facebook အကောင့်ကနေ Public အနေဖြင့် DENKO ၁၀ နှစ်ပြည့် အထိမ်းအမှတ် အထူးကံစမ်းမဲအစီအစဉ်မှ ———– ဆုလက်ဆောင် ကံထူးကြောင်း နှင့် ဝမ်းသာအားရ ပျော်ရွင်နေကြောင်း ပိုစ့်တင်ပေးရပါမည်။
  10. Denko Trading ၏ ၁၀ နှစ်ပြည့်အထိမ်းအမှတ် အထူးကံစမ်းမဲအစီအစဉ်မှ ကံထူးသူများသည် သတင်းမီဒီယာ ၏ မေးမြန်းခံရခြင်း နှင့် Social Media (Facebook / Website) ပေါ်တွင် ပိုစ့်တင်ကြေညာပေးခြင်းတို့အား ကြေနပ်စွာ လက်ခံနိုင်ရပါမည်။
  11. Denko Trading ၏ ၁၀ နှစ်ပြည့်အထိမ်းအမှတ် အထူးကံစမ်းမဲအစီအစဉ်မှ ကံထူးရှင်များအနေဖြင့် ကံထူးသူများ၏ Smile Card နံပါတ် များနှင့် အမည် လိပ်စာ၊ ဖုန်းနံပါတ် တို့ကို ကြေညာပေးခြင်း ခံရပါမည်။
  12. Denko Trading ၏ ၁၀ နှစ်ပြည့်အထိမ်းအမှတ် အထူးကံစမ်းမဲအစီအစဉ်မှ စည်းကမ်းသတ်မှတ် ချက်များကို Denko Trading မှ အချိန်မရွေး ထပ်မံဖြည့်စွက်ခြင်း၊ ပြုပြင်ပြောင်းလဲခြင်း များ ပြုလုပ်နိုင်သည်။
  13. Denko Trading ၏ ၁၀ နှစ်ပြည့်အထိမ်းအမှတ် အထူးကံစမ်းမဲအစီအစဉ်နှင့်ပတ်သက်၍ အငြင်းပွားဖွယ်ရာ တစ်စုံတစ်ခုဖြစ်ပေါ်လာပါက Denko Trading ၏ ဆုံးဖြတ်ချက်သာ နောက်ဆုံးအတည်ဖြစ်သည်။

You may interested in

promotion-2020-youtube
Play Video

Current Promotion

Denko 10 years celebration Lucky Draw Program 2020