Denko Trading Co.,Ltd ၏ ၂၀၁၉ ခုနှစ်၊ မတ်လ ၃၁ရက်၊ တနင်္ဂနွေနေ့တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့် အစဉ်တစိုက်အားပေးကြသော Customer များအား ကျေးဇူးတုံ့ပြန်သော အနေဖြင့် ပြုလုပ်သော ဒုတိယအကြိမ်မြောက် Denko ကံစမ်းမဲအစီအစဉ်မှ ကံထူးရှင်ရွေးချယ်ပွဲအခမ်းအနားတွင် မေတ္တာစေတနာအပြည့်ဖြင့် အဘက်ဘက်မှ ကူညီပေးကြသူများ၊ လေးစားချစ်ခင်ရပါသော Star Awards ရုပ်ရှင်ဆုရွေးချယ်ရေးကော်မတီ ဥက္ကထ ရွှေအမြုတွေမဂ္ဂဇင်းအယ်ဒီတာချုပ် ဆရာကြီးဦးဝင်းငြိမ်း၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဥက္ကဌ လျှပ်တစ်ပြတ်သတင်းဂျာနယ် အယ်ဒီတာချုပ် ဆရာဦးမြတ်ခိုင်၊ ပေါ်ပြူလာစာပေအနုပညာဂျာနယ် အယ်ဒီတာချုပ် ဦးညိုသစ်ငယ်၊ ပြည်သူချစ် အနုပညာရှင်များဖြစ်သော သရုပ်ဆောင်ဇဏ်ခီ၊ ဒါရိုက်တာ ခရစ္စတီးနားခီ၊ ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေး၊ အကယ်ဒမီ အေးမြတ်သူ၊ ပိုင်တံခွန်နှင့် နွယ်ဒါလီထွန်းတို့အားလည်းကောင်း၊ တေးသီချင်းများကို အကောင်းဆုံးဖျော် ဖြေတင်ဆက်ပေးပါသော နိုင်ငံကျော်အဆိုတော် နီနီခင်ဇော်၊ မိစန္ဒီတို့အားလည်းကောင်း၊ အခမ်းအနားမှူးများအဖြစ် ဆောင်ရွက်ပေးပါသော ကိုကောင်းထက်ဇော်၊ မသဇင်နွယ်ဝင်းတို့အားလည်းကောင်း၊ကြွရောက်လာသော ဂုဏ်သရေရှိဧည့်သည်တော်ကြီးများ၊ သတင်းမီဒီယာဌာနမှ သတင်းဆရာ ဆရာမများ၊ Sky Star Hotel မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ MRTV Entertainment၊ ACE Data System Co.,Ltd နှင့် အထူးအားဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် ဖွင့်လှစ်ထားသော Denko ဆီဆိုင်များတွင် ယုံယုံကြည်ကြည် တစ်ခဲနက် ဝယ်ယူအားပေးကြသော Customer အယောက်စီတိုင်းကို Denko Trading မိသားစုမှ အထူးကျေးဇူးဥပကာရတင်ရှိပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။