DENKO ဆီဆိုင်မှာ Smile Card နဲ့အတူ ကျပ် ၁ဝဝဝဝ ဖိုး ဆီဖြည့်ရင်း ကံစမ်းလိုက်ရအောင်

Denko Trading ၏ DENKO ဆီဆိုင်များတွင် အမြဲဝယ်ယူသူ မိတ်ဟောင်း၊ မိတ်သစ်များအား ကျေးဇူးတုံ့ပြန်တဲ့ အနေဖြင့် Smile Card လေးနဲ့ ကျပ် 10,000 ဖိုး ဝယ်ယူတဲ့သူတိုင်းကို Lucky Draw အစီအစဉ်မှ ကူပွန်လက်မှတ်တစ်စောင် လက်ခံရရှိမှာ ဖြစ်ပါတယ်။ Lucky Draw အစီအစဉ်ကိုတော့ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ နံနက် (၆) နာရီအချိန်မှ စတင်မှာ ဖြစ်ပါတယ်။ ကံထူးရှင်ရွေးချယ်ပွဲကိုတော့ ၂၀၁၉ ခုနှစ် မတ်လမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ကံစမ်းမဲအစီအစဉ်မှ ပါဝင်တဲ့ ဆုလက်ဆောင်တွေကတော့

Grand Prize အနေဖြင့်

BMW X2 ဇိမ်ခံကားသစ်ကြီး (၃) စီး အပြင်

Nissan Sunny ကားအသစ်ကြီး အစီး (၃၀)၊

iPhone X (256 G) အလုံး (၁၀၀) တို့ ဖြစ်ပါတယ်။

Denko ကံစမ်းမဲအစီအစဉ်၏ စည်းကမ်းချက်များကတော့

(A) Denko Trading မှ သတ်မှတ်ထားသော DENKO ဆီဆိုင်များတွင် Smile Card လေးနဲ့ တစ်ကြိမ်လျှင် ငွေကျပ် ၁ဝ,ဝဝဝ ဖိုး ဆီဖြည့်သူတိုင်းကို ကံစမ်းမဲကူပွန်လက်မှတ် (၁) စောင် ရရှိမှာဖြစ်ပါတယ်။ သတ်မှတ်ထားသော DENKO ဆီဆိုင်လိပ်စာ တည်နေရာများကို (www.denkomyanmar.com/stations ) မှာ အသေးစိတ် ကြည့်နိုင်ပါတယ်။

(B) DENKO Smile Card နဲ့ ဆီဖြည့်သူများ ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ခွင့် ရရှိပါမည်။ (Smile Card မရှိသူများ ဆိုင်တွင် အခမဲ့ ပြုလုပ်၍ ပါဝင်ကံစမ်းနိုင်ပါမည်)

(C) ကံစမ်းမဲအစီအစဉ်မှာ ပါဝင်နိုင်ရန် Smile Card ရှိသူများအနေဖြင့် မိမိတို့ Smile Card နံပါတ် နဲ့ ဖုန်းနံပါတ်ကို ဆိုင်ဝန်ထမ်းအား ပြောကြားရပါမည်။ Smile Card မရှိသေးသူများ အနေဖြင့် အမည်၊ ဖုန်းနံပါတ်၊ လိပ်စာတို့ကို ပြောကြားပေးရပါမည်။

(D) Smile Card ထဲသို့ ကြိုတင်ငွေ ဖြည့်သွင်း၍ ကံစမ်းမဲအစီအစဉ်တွင် ပါဝင်နိုင်မည်။

(E) ဤကံစမ်းမဲအစီအစဉ်ကို လက်ငင်း ငွေသားဖြင့် ဝယ်ယူသူများဖြစ်စေ၊ Smile Card ဖြင့် ကြိုတင်ငွေပေးသွင်း၍ ဖြစ်စေ ပါဝင်အကျုံးဝင်မည်။ ကုမ္ပဏီစာအုပ်ဖြင့် ဆီဖြည့်သူများ၊ လက္ကားဝယ်ယူအားပေးသူများ (လုံးဝ) ပါဝင်ကံစမ်းခွင့်မရှိပါ။

(F) Denko Trading ကုမ္ပဏီနှင့် ညီနောင်ကုမ္ပဏီများမှ ကုမ္ပဏီပိုင်ယာဉ်များ (လုံးဝ) ပါဝင်ကံစမ်းခွင့်မရှိပါ။

(G) ကံစမ်းမဲအစီအစဉ်ကို ပါဝင်ကံစမ်းသူများအနေဖြင့် ကံစမ်းမဲကူပွန်လက်မှတ်များကို သိမ်းဆည်းထားရမည်။ ကံထူးခဲ့လျှင် ကံထူးရှင်ဟာ ကံစမ်းမဲကူပွန်လက်မှတ် ပြသနိုင်မှသာ ဆုရရှိမည်။ စုတ်ပြဲနေသောကူပွန်လက်မှတ်များ (အတုအပ ပြုလုပ်ထားသော ကူပွန်စာရွက်များ) ကုမ္ပဏီမှ အသိအမှတ်မပြုနိုင်သော ကူပွန်စာရွက်များ လုံးဝ လက်ခံမည်မဟုတ်ပါ။

(H) ဤကံစမ်းမဲအစီအစဉ်မှ စည်းကမ်းသတ်မှတ်ချက်များကို Denko Trading မှ ထပ်မံဖြည့်စွက်ခြင်း၊ ပြုပြင်ခြင်း များ အချိန်မရွေး ပြုလုပ်နိုင်သည်။

(I) ကံစမ်းမဲအစီအစဉ်နှင့်ပတ်သတ်၍ တစ်စုံတစ်ခု အငြင်းပွားဖွယ်ရာ ဖြစ်ပေါ်လာပါက Denko Trading ၏ ဆုံးဖြတ်ချက်သာ နောက်ဆုံးအတည်ဖြစ်သည်။