DENKO မိုးရာသီ Lucky Draw အစီအစဉ်

DENKO ဆီဆိုင်မှာ ကျပ် ၁၀၀၀၀ ဖိုး ဆီဖြည့်ရင်း ကံစမ်းလိုက်ရအောင်

Denko Trading ၏ DENKO ဆီဆိုင်များတွင် အမြဲဝယ်ယူသူ မိတ်ဟောင်း၊ မိတ်သစ်များအား ကျေးဇူးတုံ့ပြန်တဲ့ အနေဖြင့် ကျပ် 10,000 ဖိုး ဝယ်ယူတဲ့သူတိုင်းကို Lucky Draw အစီအစဉ်မှ ကူပွန်လက်မှတ်တစ်စောင် လက်ခံရရှိမှာ ဖြစ်ပါတယ်။ Lucky Draw အစီအစဉ်ကတော့ ဇူလိုင်လ ၁ ရက်နေ့မှ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ ဖြစ်ပါတယ်။

ကံစမ်းမဲအစီအစဉ်မှ ပါဝင်တဲ့ ဆုလက်ဆောင်တွေကတော့

(1) Nissan Sunny ကားအသစ် (15) စီး
(2) Honda Wave 100 မော်တော်ဆိုင်ကယ် အစီး (30)
(3) iPhone 8 Plus (256G) အလုံး (50)

တို့ကို Lucky Draw အစီအစဉ်ဖြင့် ကံထူးရှင်များ ကို နိုဝင်ဘာလမှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ပေးသွားမှာပါ။ ကံစမ်းမဲအစီအစဉ်မှ ကံထူးရှင်ရွေးချယ်ပွဲကို နိုဝင်ဘာလ ၃၀ ရက်နေ့ ရန်ကုန်မြို့ Sky Star Hotel မှာ ညနေ ၆ နာရီမှ ည ၈ နာရီအထိ ကျင်းပပေးသွားမှာပါ။

Denko ဆီဆိုင်မိုးရာသီအထူး ကံစမ်းမဲအစီအစဉ်၏ စည်းကမ်းချက်များကတော့

(A) Denko Trading မှ သတ်မှတ်ထားသော DENKO ဆီဆိုင်များတွင် တစ်ကြိမ်လျှင် ငွေကျပ် ၁ဝ,ဝဝဝ ဖိုး ဆီဖြည့်သူတိုင်းကို ကံစမ်းမဲကူပွန်လက်မှတ် (၁) စောင် ရရှိမှာဖြစ်ပါတယ်။ သတ်မှတ်ထားသော DENKO ဆီဆိုင်များကို (http://goo.gl/PBx6Cn) မှာ အသေးစိတ် ကြည့်နိုင်ပါတယ်။

(B) DENKO ဆီဆိုင်များမှာ ဆီဖြည့်ပြီး ကံစမ်းမဲအစီအစဉ်ပါဝင်နိုင်ရန် မိမိတို့ အမည်၊ ဖုန်းနံပါတ်၊ ကားနံပါတ်တို့ကို ဖြည့်စွက်ပေးဖို့ ဆိုင်ဝန်ထမ်းအား အသိပေး ပြောကြားရမည်။

(C) ဤကံစမ်းမဲအစီအစဉ်ကို ငွေသားဖြင့် ဝယ်ယူသူများသာ အကျုံးဝင်မည်။ ကုမ္ပဏီစာအုပ်ဖြင့် ဆီဖြည့်သူများ၊ လက္ကားဝယ်ယူအားပေးသူများ (လုံးဝ) ပါဝင်ကံစမ်းခွင့်မရှိပါ။

(D) Denko Trading ကုမ္ပဏီနှင့် ညီနောင်ကုမ္ပဏီများမှ ကုမ္ပဏီပိုင်ယာဉ်များ (လုံးဝ) ပါဝင်ကံစမ်းခွင့်မရှိပါ။

(E) ကံစမ်းမဲကူပွန်လက်မှတ်များကို သိမ်းဆည်းထားရမည်။ ကံထူးရှင်ဟာ ကံစမ်းမဲကူပွန် ပြသနိုင်မှသာ ဆုရရှိမည်။ စုတ်ပြဲနေသောကူပွန်စာရွက်များ (အတုအပ ပြုလုပ်ထားသော ကူပွန်စာရွက်များ) ကုမ္ပဏီမှ အသိအမှတ်မပြုနိုင်သော ကူပွန်စာရွက်များ လုံးဝ လက်ခံမည်မဟုတ်ပါ။

(F) ကံစမ်းမဲနှင့်ပတ်သတ်၍ တစ်စုံတစ်ခု အငြင်းပွားဖွယ်ရာ ဖြစ်ပေါ်လာပါက Denko Trading ၏ ဆုံးဖြတ်ချက်သာ နောက်ဆုံးအတည်ဖြစ်သည်။

Denko Trading
www.denkomyanmar.com