Privacy Policy

သင့်၏ ကိုယ်ရေးအချက်အလက်များအား ကာကွယ်ပေးမှုသည် ကျွန်ုပ်တို့ Denko Trading Co., Ltd အတွက် အဓိကကျသော အခန်းကဏ္ဍက ပါဝင်အရေးကြီးလှပါသည်။ ဤကိုယ်ရေးအချက်အလက်ဆိုင်ရာမူဝါဒတွင် ကျွန်ုပ်တို့ အနေဖြင့် သင့်၏ ကိုယ်ရေးအချက်အလက်များအား မည်ကဲ့သို့ကောက်ယူမည်၊ မည်ကဲ့သို့ ဆောင်ရွက် အသုံးပြုမည်၊ မည်ကဲ့သို့ အကာအကွယ်ပေးမည် စသည့် အချက်များကို ရှင်းလင်း ဖော်ပြထားပါသည်။ ကိုယ်ရေးအချက်အလက်ဟုဆိုရာတွင် သင့်အား မည်သူမည်ဝါ ဖြစ်ကြောင်း ဖော်ထုတ်သိရှိနိုင်မည့် မည်သို့သောအချက်အလက်ကိုမဆို ရည်ညွှန်းပါသည်။

ဤကိုယ်ရေးအချက်အလက်ဆိုင်ရာမူဝါဒ များတွင်ပါဝင်သော “ထုတ်ကုန် နှင့် ဝန်ဆောင်မှု(များ)” အား ရည်ညွှန်းသည့် အချက်အလက်များအားလုံးသည် Denko Trading ၏ ထုတ်ကုန် နှင့် ဝန်ဆောင်မှု(များ) ဝန်ဆောင်မှု တစ်ရပ်ရပ်အား ရည်ညွှန်းခြင်းဖြစ်ပါသည်။

 ကျွန်ုပ်တို့ အနေဖြင့် သင့်ထံမှ ကိုယ်ရေးအချက်အလက်များအား အောက်ဖော်ပြပါ အချိန်အခါ များအပါအဝင် အခြားသောနည်းလမ်းများ အား အသုံးပြု၍ ကောက်ယူမည် ဖြစ်ပါသည်။

  • Denko Smile ကတ်တစ်ခုကို မှတ်ပုံတင်သည့်အချိန် (သို့မဟုတ်) Denko Rewards Mobile App အား အသုံးပြုရန်အတွက် (Sign up) ပြုလုပ်သည့်အချိန်၊ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများအနက်မှ ဝန်ဆောင်မှုတစ်ခုခုအား ဆက်သွယ် ရယူအသုံးပြုသည့်အချိန်၊
  •  ကျွန်ုပ်တို့ ပြုလုပ်ဆောင်ရွက်သည့် စစ်တမ်းကောက်ယူမှုများ၊ ပရိုမိုးရှင်းအစီအစဥ်များ၊ ပြိုင်ပွဲများ (သို့မဟုတ်) စွဲမြဲစွာအသုံးပြုမှုနှင့်စပ်လျဥ်းသည့် အစီအစဥ်များတို့တွင် ပါဝင်ဆောင်ရွက်သည့်အချိန်၊
  • သင့်၏ ကိုယ်ရေးအချက်အလက်များအား သင့်၏သဘောတူညီမှုဖြင့် ဝေမျှပေးလာသည့်အခါ (သို့မဟုတ်) အခြားနည်းအားဖြင့် ဥပဒေနှင့်အညီ ခွင့်ပြုထားသည့်အခါ အခြားသော တတိယပုဂ္ဂိုလ်များထံမှ အဆိုပါအချက် အလက်များအား ရယူမည် ဖြစ်ပါသည်။

အောက်ဖော်ပြပါစာရင်းတွင် ကျွန်ုပ်တို့အနေဖြင့် သင့်ထံမှ ကောက်ယူသည့် ကိုယ်ရေးအချက်အလက် နမူနာ ပုံစံများ ပါဝင်ပါသည်။ အဆိုပါစာရင်းသည် ပြီးပြည့်စုံသောစာရင်းတစ်ခုမဟုတ်ဘဲ ထပ်မံ ကောက်ယူထားသော ကိုယ်ရေးအချက်အလက်များအား သက်ဆိုင်ရာဝန်ဆောင်မှု တစ်ခုခုနှင့် စပ်လျဥ်းသည့် သီးသန့်စည်းကမ်းချက်များ တွင် အသေးစိတ်ထပ်မံဖော်ပြနိုင်ပါသည်။

ကိုယ်ရေးအချက်အလက်

  • အမည်၊ မှတ်ပုံတင်အမှတ်၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ၊ ဆက်သွယ်ရန်အချက်အလက်များကို ကျွန်ုပ်တို့၏ ဝန်ဆောင်မှုတစ်ခုခုအားရယူရန် စာရင်းသွင်းခြင်းပြုလုပ်သည့်အချိန်အခါ၌ မိမိ၏ အချက်အလက်များ ဖြည့်စွက်ပါဝင်ဆောင်ရွက်သည့်အခါ နှင့် Denko Reward App ကို စာရင်းသွင်းခြင်း (Regrister) ပြုလုပ်သည့်အခါ၊ (Update) ပြုလုပ်သည့်အခါ သင့်ပေးသည့် အချက်အလက်များ အားလုံး ပါဝင်ပါမည်။
  • စက်သုံးဆီဝယ်ယူမှု အသေးစိတ်မှတ်တမ်းများနှင့် ငွေပေးချေမှုမှတ်တမ်းများ၊ ဝယ်ယူမှုအလိုက် ရရှိသည့် ပွိုင့်အမှတ်များ၊ ပရိုမိုးရှင်းအစီအစဉ်တွင်ပါဝင်မှုများ ပါဝင်ပါမည်။
  • ဆိုင်တည်နေရာ အချက်အလက် (သင့်အနေဖြင့် enable Location ပြုလုပ်ထားလျှင်) ကို သင့်ထံသို့ နီးစပ်ရာ ဆိုင်တည်နေရာကို ဖော်ပြ၍ ပရိုမိုးရှင်းအသေးစိတ် အချက်အလက်များကို ဖော်ပြမှုများ ပါဝင်ပါမည်။ 

အောက်ဖော်ပြပါအချက်အလက်များအား လုပ်ဆောင်ရန်အတွက် ကျွန်ုပ်တို့မှ သင်၏ ကိုယ်ရေးအချက်အလက် များအား အသုံးပြုနိုင်မည် ဖြစ်ပါသည်။

  • သင့်ထံသို့ ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအား ထောက်ပံ့ပေးရန်၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို စိစစ်အကဲဖြတ်၍ အဆင့်မြှင့် တင်မှုများပြုလုပ်ရန်၊ သင့်အား ဆက်သွယ် ဆောင်ရွက်မှုများ ပြုလုပ်ရန်၊
  • သင်နှင့်ပတ်သက်သည့်လုပ်ဆောင်မှု တစ်ရပ်ရပ်အား အတည်ပြုနိုင်ရန်၊ ထုတ်ကုန် နှင့် ဝန်ဆောင်မှုများနှင့် ပတ်သက် သက်ဆိုင်သော အချက်အလက်များနှင့် သင့်အနေဖြင့် ရရှိနိုင်မည့် အကျိုးခံစားခွင့်များနှင့်သက်ဆိုင်သော အချက်အလက်များအား သင့်ထံသို့ ထောက်ပံ့ပေးရန်၊ အကြောင်းအရာ ပြဿနာရပ် များအားဖြေရှင်းခြင်းနှင့် ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်းတို့ အပါအဝင် ကျွန်ုပ်တို့၏ ဆိုင်ခွဲများကွန်ယက်အချင်းချင်း မြန်ဆန်စွာ လုပ်ဆောင်မှုများ အား စီမံဆောင်ရွက်ရန်၊
  • ဥပဒေတစ်ခုခု (သို့မဟုတ်) စည်းမျဥ်းတစ်ခုခု (သို့မဟုတ်) အမိန့်ကြော်ငြာစာတစ်ခုခု (နှင့်/သို့မဟုတ်) သက်ဆိုင်ရာစည်းကမ်း ထိန်းသိမ်းရေး အာဏာပိုင်တစ်ရပ်ရပ်မှ တောင်းခံလာသည့် (သို့မဟုတ်) ခွင့်ပြု ထားသည့် အခြားသောလုပ်ဆောင်ချက်တစ်ရပ်ရပ်အား ဆောင်ရွက်နိုင်ရန်၊

သင့်အတွက် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများနှင့် ထုတ်ကုန်များအား ထောက်ပံ့ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် လုပ်ငန်း လည်ပတ်ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်နိုင်ရန် အောက်ပါနည်းလမ်းများဖြင့် သင့်၏ ကိုယ်ရေးအချက်အလက် များအား ကျွန်ုပ်တို့ထံမှ ဝေမျှမည် ဖြစ်ပါသည်။

  • သင့်အား ကျွန်ုပ်တို့၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများအား ထောက်ပံ့ပေးရာ၌ သက်ဆိုင်ရာဥပဒေများ၊ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ လိုအပ်ချက်များ နှင့်အညီ သင့်၏ ကိုယ်ရေး အချက်အလက်များကို စီမံဆောင်ရွက်နိုင်ရန်(ဉပမာ- စက်သုံးဆီဝယ်ယူမှုမှတ်တမ်းနှင့် Reporting ဆိုင်ရာများ) 
  • အကယ်၍ လုပ်ငန်းလိုအပ်ချက်အရ လုပ်ငန်းများ လွှဲပြောင်းခြင်း၊ ပေါင်းစည်းခြင်း၊ ရယူပိုင်ဆိုင်ခြင်း၊ ရောင်းချခြင်း စသည့် လုပ်ငန်းလွှဲပြောင်းမှုဆိုင်ရာ ကိစ္စအဝဝများ ဆောင်ရွက်ရာတွင် သင့်၏အချက်အလက်များကိုပါ လွှဲပြောင်း ဝေမျှပေးမည် ဖြစ်ပါသည်။ 

ကျွန်ုပ်တို့အနေဖြင့် သင်၏ ကိုယ်ရေးအချက်အလက်များအား နည်းပညာနှင့် စီမံခန့်ခွဲ ရေးဆိုင်ရာ အစီအမံများစွာထားရှိကာ သင်၏ ကိုယ်ရေးအချက် အလက်များအား အဓိကထား ကာကွယ်ပေးသွားမည် ဖြစ်ပါသည်။

ကျွန်ုပ်တို့အနေဖြင့် ဤကိုယ်ရေး အချက်အလက်ဆိုင်ရာ မူဝါဒများကို (အခါအားလျှော်စွာ) သင့်အား အသိပေးရန်မလိုအပ်ပဲ Update ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ အခါအားလျှော်စွာ သင့်အနေဖြင့် ကျွန်ုပ်တို့၏ ဤကိုယ်ရေးအချက်အလက်ဆိုင်ရာ (Privacy Policy) စာမျက်နှာကို လေ့လာဖို့ ဖိတ်ခေါ်အပ်ပါသည်။ 

ဤကိုယ်ရေးအချက်အလက်ဆိုင်ရာမူဝါဒ နှင့်စပ်လျဥ်း၍ မေးမြန်းစုံစမ်း သိရှိလိုသည့် အချက်တစ်စုံတစ်ရာရှိပါက ကျွန်ုပ်တို့၏ Call Center (01 8610612) သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။ 

Denko Trading Co.,Ltd
Email: [email protected]
Phone: +95 1 8610612 (24/7)
Address: No (18/19), Bayint Naung Main Road, Shwe Pone Nyet Yeik Mon, No.4 Ward, Kamaryut Township, Yangon, Myanmar.