Recognized Awards

ချစ်ခင်လေးစားအပ်ပါသော Customers မိတ်ဟောင်းမိတ်သစ်များခင်ဗျာ။ 

         Customers များအတွက် စက်သုံးဆီ အရည်အသွေး ပြည့်မှီရေး၊ အချိန်အတွယ် မှန်ကန်ရေး နှင့် ၀န်ဆောင်မှု ကောင်းမွန်စေရေးတို့ အား ပြုလုပ်ရသော လုပ်ငန်းစဉ်တိုင်း တိကျမှန်ကန် နိုင်ငံတကာ အသိအမှတ်ပြုနိုင်ဖို့ ကျွန်ုပ်တို့ ကုမ္ပဏီ Denko Trading Co., Ltd အနေဖြင့် နိုင်ငံတကာအသိအမှတ်ပြု ISO 9001:2015 (Quality Management System) လက်မှတ် ကို ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဂုဏ်ယူဝမ်းမြှောက်စွာ အသိပေး အကြောင်းကြားအပ်ပါသည်။

ကျွန်ုပ်တို့ အနေဖြင့် အစဉ်အမြဲ ဝယ်ယူအားပေးနေသော Customers များအား အဓိက အလေးထား၍ လုပ်ငန်းစဉ်တိုင်းအား စဉ်ဆက်မပြတ် တိုးတက်အောင်မြင်ဖို့ ဆက်လက် ကြိုးစားသွားပါမည်။ ကျွန်ုပ်တို့အား နိုင်ငံတကာအသိအမှတ်ပြု ISO 9001:2015 (Quality Management System) လက်မှတ် ရရှိအောင် ကြိုးစားခဲ့ကြသော GCL International အဖွဲ့အစည်း အပြင် BDIC အဖွဲ့အစည်း (Business Development & Innovation Co.,Ltd) တို့နှင့် တကွ ဝန်ထမ်းများအားလုံး တို့အား အထူး ကျေးဇူးဥပကာရတင်ရှိပါသည်။