Denko 10 years celebration Lucky Draw Program 2021

Denko Trading ၏ 10 နှစ်ပြည့်အထိမ်းအမှတ် အနေဖြင့် DENKO ဆီဆိုင်များတွင် Smile Card နဲ့အတူ ကျပ် ၁၀၀၀၀ ဖိုးဝယ်ယူသူတိုင်းကို Lucky Draw Coupon တစ်စောင် ရရှိမှာ ဖြစ်ပါတယ်။ Lucky Draw အစီအစဉ်ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၆ မှ စတင်မှာဖြစ်ပါတယ်။ ကံထူးရှင်ရွေးချယ်ပွဲကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) မှာ (ပထမအကြိမ်) နှင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ မှာ (ဒုတိယအကြိမ်) နှစ်ကြိမ်ခွဲပြီး ကံစမ်းမဲဖွင့်လှစ် ကြေညာပေးသွားမှာ ဖြစ်ပါတယ်။

DENKO ၏ 10 နှစ်ပြည့်အထိမ်းအမှတ် အထူး ကံစမ်းမဲအစီအစဉ် မှာ ပါဝင်တဲ့ ဆုလက်ဆောင်တွေကတော့

Grand Prize အနေဖြင့်

  • BMW 1 Series ကားအသစ်(၂) စီး
  • BMW 2 Series ကားအသစ်(၂) စီး
  • BMW 3 Series ကားအသစ်(၂) စီး တို့ အပြင်
  • Nissan Sunny ကားအသစ် အစီး(၁၅၀)

တို့ကို မှန်မှန်ကန်ကန် ပွင့်လင်းမြင်သာစွာ ဝယ်ယူအားပေးသူ Customers များကိုယ်တိုင် ပါဝင် ရွေးချယ် ကံစမ်းမဲဖေါက်ပေးသွားမှာ ဖြစ်ပါတယ်။

* သတိပေးချက် *

“DENKO ဆီဆိုင်များတွင် Smile Card နဲ့အတူ ကျပ် ၁၀၀၀၀ ဖိုးဝယ်ယူတိုင်း Lucky Draw Coupon တစ်စောင် ရယူဖို့ (လုံးဝ) လုံးဝ မမေ့ပါနဲ့နော်။”
“ကံထူးသွားသူများသည် ကံစမ်းမဲလက်မှတ် တင်ပြနိုင်မှသာ ဆုလက်ဆောင် ရရှိပါမည်။

“ DENKO ၏ ၁၀ နှစ်ပြည့်အထိမ်းအမှတ် အထူး ကံစမ်းမဲအစီအစဉ်မှ ကံထူးရှင်ရွေးချယ်ပွဲ ”

ဆုလက်ဆောင်များ ကံထူးရှင်ရွေးချယ်ပွဲကို

  • ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) မှာ (ပထမအကြိမ်)
  • ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ မှာ (ဒုတိယအကြိမ်)

နှစ်ကြိမ်ခွဲပြီး ကံစမ်းမဲ ဖွင့်လှစ် ကြေညာပေးသွားမှာ ဖြစ်ပါတယ်။

* DENKO ၏ 10 နှစ်ပြည့်အထိမ်းအမှတ် အထူး ကံစမ်းမဲအစီအစဉ်၏ စည်းကမ်းချက်များ *

1. တစ်ကြိမ်လျှင် ကျပ်တစ်သောင်းဖိုးဖြည့်တိုင်း ကံစမ်းမဲတစ်စောင်ရရှိပါမည်။

2. Denko Trading ကုမ္ပဏီနှင့် ညီနောင်ကုမ္ပဏီများမှ ကုမ္ပဏီပိုင်ယာဉ်များ ပါဝင်ကံစမ်းခွင့်မရှိပါ။

3. လက်ငင်းငွေသားဖြင့် ဝယ်ယူအားပေးသူများသာ ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ခွင့်ရရှိမည်။

4. ကံစမ်းမဲလက်မှတ် တင်ပြနိုင်သူကိုသာ ဆုမဲထုတ်ပေးမည်ဖြစ်ပါသည်။

5. ပထမအကြိမ် ကံထူးရှင်ရွေးချယ်မည့် ကံစမ်းမဲလက်မှတ်နံပါတ်များကိုလည်းကောင်း၊ ဒုတိယအကြိမ် ကံထူးရှင်ရွေးချယ်မည့် ကံစမ်းမဲလက်မှတ်နံပါတ်များကိုလည်းကောင်း သီးခြားဖော်ပြပေးသွားပါမည်။

6. Denko Trading မှ ကံထူးရှင်များကို လူမှုကွန်ယက်တွင် ဖော်ပြမှုကို လက်ခံသဘောတူရပါမည်။

7. ကံထူးရှင်ရွေးချယ်သည့်နေ့မှ စ၍ (၂)လအတွင်း လာရောက်ထုတ်ယူခြင်းမပြုသော ဆုပစ္စည်းများကို ကံစမ်းမဲလက်မှတ်တင်ပြနိုင်ခြင်း မရှိပါက ကံထူးရှင်အဖြစ်မှ ပယ်ဖျက်ပြီး Denko Trading ကုမ္ပဏီ၏ ဆုံးဖြတ်ချက်အတိုင်းသာ ပြုလုပ်သွားမည်ဖြစ်ပါသည်။

8. အငြင်းပွားဖွယ်ရာ ဖြစ်ပေါ်လာပါက Denko Trading ကုမ္ပဏီ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။

9.ကံစမ်းမဲလက်မှတ် ဆင်တူရိုးမှားအတုအပပြုလုပ်လျှင် ဥပဒေအရ အရေးယူခြင်းခံရမည်။

You may interested in

promotion-2020-youtube
Play Video

Current Promotion

Denko 10 years celebration Lucky Draw Program 2021